Tuesday, February 12, 2008

ထောင့်တစ်နေရာမှ

အလွမ်းငေါငေါမှာ
လှေဦးစိုက်တဲ့နေ့က
နှလုံးသားတစ်ခုလုံးမြင်မကောင်းအောင်
လှုင်းဒဏ်တွေပိလို့
မျက်လုံးကမြစ်ရေလျှံလို့
ဝေးလွင့်သွားခဲ့ပြီးဖြစ်သောမုန်တိုင်း
အတိတ်ကလေညှင်းတစ်ခုပါ
အာ ရုဏ်ဦးမှာလည်းရေချိုးခဲ့ပေါ့
မင်းကိုယ်သင်းရနံ့လေးထားသွားတဲ့ကမ်းခြေမှာ
ကမ်းပါးတွေတစ်စစီကြေနေရတာ
ကျီစယ်ခဲ့တာလား
နှလုံးသားတစ်ခုလုံးအယုံသွင်းပြီးမှ
မင်းစဉ်ခဲ့တဲ့ဇာတ်အတွက်
လူကြမ်းလုပ်ခဲ့ရတဲ့ကောင်
အချိုးအတိုင်းရွတ်ရရင်
အကြင်နာမလှခဲ့တဲ့ကောင်ပေါ့
မာယာတွေကိုမှ
ကမ်းကပ်ခွင့်ပြုခဲ့တဲ့
မနိုင်တနိုင်အချစ်
မတ္တောတော်ကြိုးအထပ်ထပ်နဲ့
သမုဒ္ဒယအနှောင်အဖွဲ့မှာ
ဘ ယ်တောံမှ နောင်တမရှိတဲ့
ဟော့ဒီ နှလုံးသားကျောက်ဆောင်တွေအဖြစ်က
(welcome) ပေါ့ချစ်သူ
မင်းပြန်လာမဲ့နေ့မှာ
အနည်းဆုံးဆည်းဆာအလှနဲ့ပေါ့။
ဧမှူး(ဓနုဖြူ)

Saturday, February 9, 2008

ှုငါ့ ပညတ်ချက်

အရပ်လေးမျက်နှာတဲ့လား
ဒါ ပညတ်ချက်ထင်ပါရဲ့ . . .
ငါ မျက်နှာမူရာ အရပ်ဟာ
မင်းရှိတဲ့အရပ်ပါ။
ငါ. . .ကျောခိုင်းထားရာဟာ
မင်းရှိတဲ့ အရပ်ပါ။
ငါ. . .ဘယ်နေရာက ခရီးနှင်ခဲ့လဲ
မမေးပါနဲ့ ။
ငါ. . .ဘယ်နေရာမှာလဲ
မသိချင်နဲ့ ။
ငါ. . .မင်းကို ကျောခိုင်းစေဦးတော့
ငါ့ မျက်နှာမူရာဟာ
``မင်းမျက်နှာ´´ပါ။

မိုးကျတော့မယ်တဲ့လား။
မိုးရာသီ ရောက်ပြီဆိုကြရဲ့ . . .
ငါ. . . နွေ၊ မိုး၊ ဆောင်း မသိခဲ့တာ
ကြာမှ ကြာပေါ့။
ငါ့အတွက်တော့
မင်းအပြုံးဟာ
အစဉ်မြဲ. . . နွေနံနက်ခင်းပါပဲ။
သိုမဟုတ်. . .ဆောင်းနေခြည်လေးပါပဲ။
မင်း ငိုကြွေးခြင်းဟာ
ငါ့ရဲ့ မိုးရာသီ
ဒါနဲ့
ငါ့ရင်ထဲ ``မင်းရာသီ´´တွေ
အထပ်ထပ်ဖြတ်ကျော်

အံ့သြမိပါရဲ့
မင်း . . .တန်ခိုးရှင်များလား။
``မင်းမျက်နှာ´´ရှိရာအရပ် ကို ခရီးနှင်နေသူ
``မင်းရာသီ´´တွေထဲ လမ်းမှားနေသူ
ငါ့ကို . . .
``မင်းစိတ်´´များနဲ့
ရွက်လွင့်စေခဲ့လေသလား။
နောက်ဆုံးတော့. . .
ငါကိုယ်တိုင်ဟာလည်း
``မင်း ကိုယ်ပွား´´ ဖြစ်နေပါပြီလေ. . .။ ။
Post သည် http://literaturisms.blogspot.com မှ Post ဖြစ်ပါသည်။

အချစ် ... .... ဘဝ

တစ်နေ့မှာ “ပလေတို” က ဆရာဖြစ်သူ “ဆိုကရေးတီး” ကို အချစ်ဆိုတာ ဘာလဲလို့ မေးသတဲ့။ ဆိုကရေးတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခုကို ခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။ ဆိုကရေးတီးရှေ့ရောက်တော့ “အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်” လို့ ပြောတော့ ဆိုကရေးတီးက “အဲတာ အချစ်” လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေးတီးကို လက်ထပ်ခြင်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေးတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့ အကောင်းဆုံး ထင်းရူးပင် တစ်ပင်ကို ယူစေခဲ့တယ်။

သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင် ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။ နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့ ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။

“ဒါက အကောင်းဆုံး ထင်းရူးပင်လား” လို့ ဆိုကရေးတီးက မေးတော့ “တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။ ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ” လို့ ပြန်တော့ ဆိုကရေးတီးက “အဲတာ လက်ထပ်ခြင်း” လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေးတီးကို တိတ်တိတ်ပုန်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဒီတစ်ခါ ဆိုကရေးတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။ (၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။

“ဒါက အလှဆုံး ပန်းလား” လို့ ဆိုကရေးတီးက မေးတော့ “၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီး ခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်” လို့ ပြောတော့ ဆိုကရေးတီးက “အဲတာ တိတ်တိတ်ပုန်း” လို့ ဆိုတယ်။

တစ်နေ့မှာ ပလေတိုက ဆိုကရေးတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေးတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။ သုံးရက် သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေးတီးက လိုက်ရှာတော့ တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။

“အလှဆုံးပန်းကို ရှာတွေ့ပြီလား” လို့ မေးတော့ ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး “ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား” လို့ မေးတယ်။

“ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ”

“ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။ ကျွန်တော်မခူးရင်လဲ သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။ ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ”

“အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ” လို့ ဆိုကရေးတီးက ပလေတိုကို ပြောခဲ့တယ်။

Post သည် www.nineninesanay.blogspot.com မှ post ဖြစ်ပါသည်။

Thursday, February 7, 2008

ပြဇာတ်ဒုတိယပိုင်း

ကိုယ့်ကိုယ်ကိုအ်ာခေါ်ကြည့်လိုက်တယ်
ဘယ်လိုကာရန်တစ်ချက်မှထမကြည့်ဘူး
ထွေးထုတ်ပစ်လိုက်ကြ
တနယ်တကျေးဝေးလွန်းတဲ့အတွေးတွေ
အဲဒီမြစ်ကြီးထဲမှာ လေ
ရွက်လွင့်ခြငးသီချင်းတစ်ပုဒ်နဲ့
သမိုင်းရိုင်းတွေထုဆစ်ရအောင်
ရာဇ၀င်တွေဟာ
ပင်လယ်သေကို သယ်ဆောင်သွားကြမှာပေါ့
ပါလက်စတိုင်းတွေအကြောင်းတွေးမိရင်း
ပဲတီပင်လို
ဦးနှေက်အညှေင့်ထပေါက်တယ်
တူးရင်းယက်ရင်း
သံသယတွေ ထိပ်ဆုံးရောက်လာတာပါ
လက်ခံဖြစ်ခဲ့တာပေါ့
ဝေခွဲခြင်းသက်ပြင်းတွေကြားမှာ
ခေတ်က ကံသေကံမတွက်ချက်လို့မရဘူး။

ဖိုးလူအေး(မအူပင်)

နေ့ရက်တစ်ခု

ငြိမ်းချမ်းရေး အပြာရောင်စာတမ်းငယ်လေး
ငြိမ်သက်နေတဲ့ လေတောင်ရှက်သွေးဖြာသွားတယ်
ဒါပေမယ့် မိအေးအကြောင်းကိုဘယ်သိမလဲ
လူနှစ်ဦးရဲ့ခရမ်းရောင်တိမ်တိုက်
မရောက်သေးတဲ့နှစ်တွေစီ
အိမ်ရှင်ကောင်းပီသနိုင်ပါစေ။

ဝက်လေး(ဓနုဖြူ)

Tuesday, February 5, 2008

နောက်ကြောင်း

ငိုနေတဲ့အရိပ်လေးရဲ့ ညည်းချင်းမှာ
အိပ်ငိုက်တတ်တဲ့ကြောင်လေး
စိတ်ကူးယဉ်မှုတစ်ဆယ်သား
စူးရှလွန်းတဲ့လူဝင်ဆန့်မှုတွေ
အတ္တမြစ်ကျဉ်းထဲမှာ
သောင်တွေတွန်းနေတယ်။
ဝက်လေး(ဓနုဖြူ)