Showing posts with label ဧမှူး. Show all posts
Showing posts with label ဧမှူး. Show all posts

Tuesday, February 12, 2008

ထောင့်တစ်နေရာမှ

အလွမ်းငေါငေါမှာ
လှေဦးစိုက်တဲ့နေ့က
နှလုံးသားတစ်ခုလုံးမြင်မကောင်းအောင်
လှုင်းဒဏ်တွေပိလို့
မျက်လုံးကမြစ်ရေလျှံလို့
ဝေးလွင့်သွားခဲ့ပြီးဖြစ်သောမုန်တိုင်း
အတိတ်ကလေညှင်းတစ်ခုပါ
အာ ရုဏ်ဦးမှာလည်းရေချိုးခဲ့ပေါ့
မင်းကိုယ်သင်းရနံ့လေးထားသွားတဲ့ကမ်းခြေမှာ
ကမ်းပါးတွေတစ်စစီကြေနေရတာ
ကျီစယ်ခဲ့တာလား
နှလုံးသားတစ်ခုလုံးအယုံသွင်းပြီးမှ
မင်းစဉ်ခဲ့တဲ့ဇာတ်အတွက်
လူကြမ်းလုပ်ခဲ့ရတဲ့ကောင်
အချိုးအတိုင်းရွတ်ရရင်
အကြင်နာမလှခဲ့တဲ့ကောင်ပေါ့
မာယာတွေကိုမှ
ကမ်းကပ်ခွင့်ပြုခဲ့တဲ့
မနိုင်တနိုင်အချစ်
မတ္တောတော်ကြိုးအထပ်ထပ်နဲ့
သမုဒ္ဒယအနှောင်အဖွဲ့မှာ
ဘ ယ်တောံမှ နောင်တမရှိတဲ့
ဟော့ဒီ နှလုံးသားကျောက်ဆောင်တွေအဖြစ်က
(welcome) ပေါ့ချစ်သူ
မင်းပြန်လာမဲ့နေ့မှာ
အနည်းဆုံးဆည်းဆာအလှနဲ့ပေါ့။
ဧမှူး(ဓနုဖြူ)