Bit ဆိုတာ binary digital ကို ခေါ်တာပါ... bit ဆိုတာ 0 (သို့) 1 ကိုရည်ညွှန်းပါတယ်... ကွန်ပျူတာမှာ အသေးဆုံး ယူနစ် တစ်ခုဖြစ်ပါတယ်... 0 နဲ့ 1 ၈-လုံး ပေါင်းစည်းလိုက်ရင် Byte လို့ခေါ်ပါတယ်... အက္ခရာတစ်လုံး (character တစ်လုံး) နဲ့ ညီမျှပါတယ်...
Bit ကို အတိုကောက် ရေးတဲ့အခါ b (small letter b) အနေနဲ့ သုံးရပြီး Byte ကို အတိုကောက် သုံးနှုန်းတဲ့အခါ B (capital letter B) နဲ့ သုံးရပါတယ်... 10 Kb ဆိုတာနဲ့ 10 KB ဆိုတာ အဓိပ္ပာယ် မတူပါဘူး... 10 Kb က 10 Kilo bit ကိုပြောတာဖြစ်ပြီး 10 KB ဆိုတာက 10 Kilo Byte ကိုပြောတာပါ... အဲဒီလိုပါပဲ 100Mbps နဲ့ 100MBps မတူသလို 200Mb နဲ့ 200MB ဆိုတာ မတူပါဘူး...
အသုံးအနှုန်းလေးတွေ မမှားကြအောင်၊ အဓိပ္ပာယ် မလွှဲရအောင် ဂရုတစိုက် ရေးသား စေချင်ပါတယ်.. အကျယ်ထပ်သိချင်ရင်တော့ http://en.wikipedia.org/wiki/Bit နဲ့ http://en.wikipedia.org/wiki/Byte မှာ သွားရောက် ဖတ်ရှုနိုင်ကြောင်းပါ...
ယခုပို့စ်သည် http://blog.mghla.com/2008/08/b-b-bit-or-byte.html မှ ဖြစ်ပါသည်။
Sunday, August 10, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment