Sunday, August 10, 2008

ကော်ဖီရဲ့ အရိပ်

ငါဟာ ကော်ဖီတစ်ခွက်ပါ
ဒါပေမယ့် သကြားတော့မပါဘူး။
မုန်းတီးတတ်တဲ့ သူတွေက ငါ့ကိုပြောတယ်
ခါးသီးတယ်တဲ့။
တခြားသူတွေက ခါးသက်မှုကို နှစ်သက်တယ်လို့ ပြောပြန်တယ်။
ခါးသီးခြင်းကို မုန်းတီးမှုနဲ့
ခါးသက်မှုကို နှစ်သက်ခြင်းကြား
ခြားနားခြင်းတန်ဖိုးကို ကျွန်တော်မတွက်ခဲ့ပါ။
ဒါပေမယ့်
သင် တစ်စုံတစ်ယောက်ကို မုန်းတီးလာတဲ့အခါ
ဒါမှမဟုတ်
တစ်စုံတစ်ခုကို နှစ်သက်လာတဲ့အခါ
ခံစားချက်တွေ ထပ်တူကျဖို့ ငါ့ကိုသောက်ဖို့သတိရပါ။
သိတယ်မဟုတ်လား
ငါဟာ ကော်ဖီခါးခါးတစ်ခွက်ပါ။

မောင်ပီတာ

No comments: