Sunday, August 10, 2008

ကော်ဖီရဲ့ အရိပ်

ငါဟာ ကော်ဖီတစ်ခွက်ပါ
ဒါပေမယ့် သကြားတော့မပါဘူး။
မုန်းတီးတတ်တဲ့ သူတွေက ငါ့ကိုပြောတယ်
ခါးသီးတယ်တဲ့။
တခြားသူတွေက ခါးသက်မှုကို နှစ်သက်တယ်လို့ ပြောပြန်တယ်။
ခါးသီးခြင်းကို မုန်းတီးမှုနဲ့
ခါးသက်မှုကို နှစ်သက်ခြင်းကြား
ခြားနားခြင်းတန်ဖိုးကို ကျွန်တော်မတွက်ခဲ့ပါ။
ဒါပေမယ့်
သင် တစ်စုံတစ်ယောက်ကို မုန်းတီးလာတဲ့အခါ
ဒါမှမဟုတ်
တစ်စုံတစ်ခုကို နှစ်သက်လာတဲ့အခါ
ခံစားချက်တွေ ထပ်တူကျဖို့ ငါ့ကိုသောက်ဖို့သတိရပါ။
သိတယ်မဟုတ်လား
ငါဟာ ကော်ဖီခါးခါးတစ်ခွက်ပါ။

မောင်ပီတာ

Bit or Byte

Bit ဆိုတာ binary digital ကို ခေါ်တာပါ... bit ဆိုတာ 0 (သို့) 1 ကိုရည်ညွှန်းပါတယ်... ကွန်ပျူတာမှာ အသေးဆုံး ယူနစ် တစ်ခုဖြစ်ပါတယ်... 0 နဲ့ 1 ၈-လုံး ပေါင်းစည်းလိုက်ရင် Byte လို့ခေါ်ပါတယ်... အက္ခရာတစ်လုံး (character တစ်လုံး) နဲ့ ညီမျှပါတယ်...
Bit ကို အတိုကောက် ရေးတဲ့အခါ b (small letter b) အနေနဲ့ သုံးရပြီး Byte ကို အတိုကောက် သုံးနှုန်းတဲ့အခါ B (capital letter B) နဲ့ သုံးရပါတယ်... 10 Kb ဆိုတာနဲ့ 10 KB ဆိုတာ အဓိပ္ပာယ် မတူပါဘူး... 10 Kb က 10 Kilo bit ကိုပြောတာဖြစ်ပြီး 10 KB ဆိုတာက 10 Kilo Byte ကိုပြောတာပါ... အဲဒီလိုပါပဲ 100Mbps နဲ့ 100MBps မတူသလို 200Mb နဲ့ 200MB ဆိုတာ မတူပါဘူး...
အသုံးအနှုန်းလေးတွေ မမှားကြအောင်၊ အဓိပ္ပာယ် မလွှဲရအောင် ဂရုတစိုက် ရေးသား စေချင်ပါတယ်.. အကျယ်ထပ်သိချင်ရင်တော့ http://en.wikipedia.org/wiki/Bit နဲ့ http://en.wikipedia.org/wiki/Byte မှာ သွားရောက် ဖတ်ရှုနိုင်ကြောင်းပါ...

ယခုပို့စ်သည် http://blog.mghla.com/2008/08/b-b-bit-or-byte.html မှ ဖြစ်ပါသည်။
အထီးကျန် ည

မချစ်ခဲ့ဘူးဆိုမှဖြင့်
ဘယ်သူကများ
ကိုယ့်ကျရှုးံခန်းကို
တမ်းတမ်းတတသတိရနေဦးမှာလဲ။

ချစ်သူမရှိတဲ့ဘဝ
အထီးကျန်လိုက်ပုံများ
ကိုယ့်ကဗျာတွေတောင် ရစ်သမ်မမှန်တော့ဘူး
အရူးချင်းတူရင်တောင်မှ
တစ်မူးပိုမရှူခဲ့ရသူပါ။

နံရံပေါ်က ပြက္ခဒိန်လည်း
အရောင်တွေသာပြောင်းပြောင်းသွားတယ်
နှလုံးသားက ရင်ခုန်သံတွေနဲ့ ဖိတ်ဖိတ်လက်နေတုန်း။

စိတ်နဲ့ရေတွက်နေသမျှ
နှလုံးသားက ဆုတောင်းပြည့်တဲ့ကြယ်ပေါ့။
သတိရတိုင်းသာ မိုးရွာမယ်ဆိုရင်
ငါ့ရင်ခွင် စိမ်းစိုလန်းဆန်းနေတာကြာရောပေါ့။

ကောင်မလေးရေ……….
မချစ်ခဲ့ဘူးဆိုမှဖြင့်
ဘယ်သူကများ
ကိုယ့်ကျရှုံးခန်းကို
တမ်းတမ်းတတသတိရနေဦးမှာလဲကွာ။

သက်ဇင်လတ်(ဓနုဖြူ)။
font face="Zawgyi-One"